သပိတ်ကျင်းတိုက်ပွဲသတင်း

အောက်တိုဘာ ၃၀ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းသည် ချမ်းသာကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ခဏတာဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။