(၂၉/၁၀/၂၀၂၄ ရက်နေ့ နံနက်ပိုင်း ၃ နာရီမှ ညပိုင်း ၉ နာရီအချိန်ထိ)
( အမ်း)
အမ်းမြို့အနောက်ဘက် မီတာ (၄၈၀၀)အကွာရှိ စရတ တပ်အနီးရှိ AA အကြမ်းဖက်သောင်းကျန်းသူများအား တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းရာ နံနက် ၃ နာရီခွဲတစ်ကြိမ်၊ နေ့လည် ၂ နာရီခွဲခန့်တွင်တစ်ကြိမ် နှစ်ဖက်တိုက်ပွဲ ခဏတာဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့အနောက်ဘက် မီတာ (၃၇၀၀)အကွာရှိ ၂/၃၀၀ တပ်ဆေးရုံအနီးရှိ AA အကြမ်းဖက်သောင်းကျန်းသူများအား တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းရာ နံနက် ၁၀ နာရီတွင် တစ်ကြိမ်၊ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင်တစ်ကြိမ် နှစ်ဖက်တိုက်ပွဲ ခဏတာဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆင့်ဆင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ အမ်းမြို့အနောက်တောင်ဘက် မီတာ (၇၀၀၀)အကွာရှိ ပွိုင့်-၂၄၄ စခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ နေ့လည် ၃ နာရီခွဲခန့်တွင် လာရောက်နှောက်ယှက်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲခန့်က အမ်းမြို့အရှေ့ဘက်ရှိ သစ်တစ်ပင်ကုန်းစခန်းအနီး AA အကြမ်းဖက်သောင်းကျန်းသူများ ချန်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်ဦးမှုရယူကာ လက်ပစ်ဗုံးများဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် သောင်းကျန်းသူများ စခန်းအခြေတွင် ၅ မိနစ်တောင်ခြေမချနိုင်ဘဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့မြောက်ဘက်ရှိ ပူလောင်တောင် စခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ နေ့လည် ၃ နာရီခန့်တွင် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး တပ်မတော်သားများ၏ မလျော့သောဇွဲလုံ့လဖြင့် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု လက်နက်ကြီးများဖြင့် တိကျသောပစ်ကူပေးမှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ Drone အဖွဲ့များမှ လေကြောင်းမှနေ၍ ထပ်ကြပ်မကွာလိုက်လံဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် သောင်းကျန်းသူများ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် ည ၇ နာရီထိုးအချိန်ခန့်တွင် စနခ ၃၄၅ တပ်အနီး AA အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံချဉ်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်နက်ငယ်၊ စက်လက်နှင့် RPG တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ ထပ်မံဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
မောင်တော
လေကြောင်းဗုံးကြဲခံရမှုကြောင့် အထိနာနေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် နခခ ၅ အား နေ့လည် ၂ နာရီခန့်တွင် နခခ ၅ အရှေ့ဘက်မှနေ၍ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
သောင်းကျန်းသူအားပေးမီဒီယာများနှင့် စစ်ပြေးလောက်ကောင်များမှ လူမှုကွန်ယက်မှတဆင့် “နပခတိုင်းရုံးနှင့် နယ်မြေခံတပ်များအား ၂၈/၁၀/၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် AA အဖွဲ့မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါတပ်များမှ တပ်မတော်သားများနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ တစ်ချို့မှာ မကွေးသို့ဆုတ်ခွာသွားပြီဖြစ်ကြောင်း၊ နခခ ၅ ဘန်ကာတွေ ပေါက်ပြီး နခခ ၅ မှ စစ်သားများ/ရဲများ ဆုတ်ပေးနေရပြီဖြစ်ကြောင်း” သတင်းတုများဖြင့် တိုက်ပွဲဝင်နေသူများ တိုက်လိုခိုက်လိုစိတ်ကျဆင်းအောင်၊ မိသားစုဝင်များ စိတ်ဆင်းရဲအောင် အမျိုးမျိုး ပြောဆိုရေးသား နေကြသော်လည်း မြေပြင်တွင်မှု တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ မိမိနယ်မြေ၊ မိမိတပ်စခန်း ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အသက်နှင့်ခန္ဓာကို မငဲ့ဘဲ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လျက်ရှိပြီး ခေတ်သစ်နည်းပညာစစ်ပွဲနှင့်အညီ လေကြောင်းမှ အချိန်မီ တိကျသောပစ်ကူပေးမှု၊ အမြောက်/ဒုံးများဖြင့် တိကျသောပစ်ကူပေးမှု၊ Drone Team များ၏ စွမ်းဆောင်ရည်မြင့်မားလာမှုတို့ကြောင့် ရန်သူဘက်မှ အောင်မြင်မှုမရရှိဘဲ ဆုံးရှုံးမှု များလျက်ရှိနေသည်ကို တွေ့ရှိရသည်။
AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် နခခ ၅ အား တိုက်ခိုက်နေသည်မှာ (၅)လကျော်ရှိပြီးဖြစ်ပြီး အမ်းတပ်နယ်မှ တပ်များအား တိုက်ခိုက်ခဲ့သည်မှာ (၁)လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း လက်ရှိအချိန်တွင်လည်း အမ်းသို့ တပ်မတော်စစ်ကူစစ်ကြောင်းများရောက်ရှိခဲ့ပြီဖြစ်ပြီး အဆိုပါအဖွဲ့များမှ ရှေ့တန်းစခန်းနေရာများတွင် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲအနေဖြင့် (၁)လတာအတွင်း လူအင်အားနည်းပါးလာမှု၊ ဆေးဝါးမလုံလောက်မှု၊ ရိက္ခာပြတ်လပ်မှုတွေကြောင့် ၎င်းတိုအဖွဲအတွင်း စခန်းတိုက်ခိုင်းပါက နေ့စဉ်ထွက်ပြေးမှုများ များပြားစွာရှိလာသလို တပ်သို အလင်းဝင်လာသူများ များစွာရှိလာကြောင်းနှင့် စစ်ကျွံဝင်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲငယ်များအား တပ်စစ်ကြောင်းများမှ ပိတ်ဆိုရှင်းလင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။