“ရက္ခိတအိမ်မက် အမ်းကိုရောက်မှပျက်”

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း

( အမ်း)
တပ်မတော်ဘက်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ Drone အဖွဲ့များ၏ တိကျသောပစ်ကူပေးခြင်းတို့ကြောင့် အထိနာနေသည့် AA ဘိန်းစာအဖွဲ့အနေဖြင့် တစ်နေ့ကုန်လာရောက်တိုက်ခိုက်ခြင်း မရှိခဲ့သော်လည်း ညနေပိုင်း မိုးချုပ်ခါနီးတွင် တပ်ဆေးရုံမြောက်ဘက်မှလည်းကောင်း၊ စရတ တပ်အနောက်ဘက်မှလည်းကောင်း အဖွဲ့ငယ်များခွဲကာ လာရောက်ချောင်းမြောင်း ပစ်ခတ်ခဲ့သော်လည်း တပ်ကင်းပုန်းအဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ၁၀ မိနစ်ခန့် ခဏတာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဘိန်းစာအဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

မိသားစုဝင်များအား သတင်းကောင်းအနေဖြင့် ပြောရမည်ဆိုရင် ယနေ့နေ့လည်ပိုင်းက အမ်းသို့ စစ်ကူစစ်ကြောင်းများအား တပ်မတော်ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဒဏ်ရာရ အရာရှိ/စစ်သည်များအား အဆိုပါ ရဟတ်ယာဉ်များ ပြန်လည်ခေါ်ဆောင်သွားကြောင်း သတင်းကောင်းပါးအပ်ပါသည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ အနေဖြင့် လူအင်အားနည်းပါးလာမှု၊ ဆေးဝါးမလုံလောက်မှု၊ ရိက္ခာပြတ်လပ်မှုတွေကြောင့် ၎င်းတိုအဖွဲအတွင်း စခန်းတိုက်ခိုင်းပါက နေ့စဉ်ထွက်ပြေးမှုများများပြားစွာရှိလာသလို တပ်သို အလင်းဝင်လာသူများ များစွာရှိလာကြောင်းနှင့် စစ်ကျွံဝင်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲငယ်များအား တပ်စစ်ကြောင်းများမှ ပိတ်ဆိုရှင်းလင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။

မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

MinChitOo