အောက်တိုဘာ ၂၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အပြင်ကွင်းကလေးရွာအနီးတွင် အကြမ်းဖက် KNLA တမဟ(၆) အဖွဲ့များရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းရာ အပြင်ကွင်းကလေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာတွင် အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KNLA အလောင်း ၂ လောင်း
(၂) M-16 သေနတ် ၁ လက်
(၃) ကျည်အိမ် ၃ ခု၊ ကျည် ၅၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
ကော့ကရိတ်တွင် KNLA အလောင်းလက်နက်များ သိမ်းဆည်းရရှိ
