ဖာပွန်မြေက သူရဲကောင်းများအကြောင်း

သူရဘွဲ့ ၅ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင်
၆၅ ယောက် ပေးဖို့ တင်ထားတဲ့ စစ်ဆင်ရေး
အစီရင်ခံစာအမှုတွဲတစ်တွဲဖတ်လိုက်ရတာ
အံ့ဩ လွန်းလို့ မျက်လုံးတောင်ပြူးသွားမိတယ်။
သူရဲကောင်းမှတ်တမ်းဝင် ၆၅ ယောက်တင်တဲ့
အထဲမှာ အမျိုးသမီးရဲမေ က ၇ ယောက်တောင်
ပါသေးတာဖတ်ရတော့ အံ့ဩ မဆုံး ချီးကျူး
မဆုံး ဖြစ်ရပြန်တယ် ။ စစ်မြေပြင် အဆင့်တိုး
တွေကလည်း ပလူကို ပျံနေတာပဲ ။

ဒါကတော့ အခြားနေရာမှာ မဟုတ်ပါဘူး ။
ဂုဏ်ယူစွာနဲ့ ပြောရရင်တော့ ကျွန်တော် ၅ နှစ်
လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကရင်
ပြည်နယ် အခြေချဗျူဟာ ဖာပွန် တပ်နယ်
က အရာရှိ စစ်သည် ရဲမေ တွေရဲ့ အံ့မခန်း
ဖွယ် စစ်ရေး စွမ်းရည် တွေပါပဲ ။

ဖာပွန် ကို ရန်သူတိုက်ခိုက်ခဲ့တာ ကြာပါပြီ ။
အကြိမ်ကြိမ်တိုက်ခဲ့ ၊ တိုက်ဆဲပါပဲ ။

စစ်ရေးအရ
ကွပ်ကဲရခက်ပြီး တစ်ဆက်
တစ်စပ်တည်း ဖြစ်မနေတဲ့
ခလရ ၁၉ ခမရ ၄၃၄ စစန ၆၄၂ တပ်တွေ
ကို ခေတ္တစွန့်ပြီး ခမရ ၃၄၀ ခမရ၃၄၁
အခြေချဗျူဟာ ဖာပွန် ဆေးတပ်တစ်တပ်
တို့ဟာ ဆုတ်လာတဲ့ တပ်တွေနဲ့ ပူပေါင်းကာ
ထုဖြင့် ခံစစ် ဆင်ပြီး ပြန်ဆော်နေလိုက်
တာ တပ်မဟာ ၅ က ကုန်သလောက်ဖြစ်သွား
ပြီတဲ့ ။

တစ်ခါလာတိုက်လိုက်၊ KNLA/PDF
အလောင်း ၅၀ အလက် ၅၀ ထားသွားလိုက်
၊ ဒဏ်ရာရသူ ရာဂဏန် ဆေးပြန်ကုလိုက်နဲ့
အခုဆိုရင် KNU တပ်မဟာ ၅ က အဆိပ်
မရှိတဲ့ ရေမြွေးလို ဖြစ်သွားရရှာပြီ ။KNU
တပ်မဟာ (၅)
မှာ လူမရှိတော့ဘူး။ကျွန်တော်
တို့ ခေတ်တုန်းကလို ချောင်း ပစ် ပြေး မိုင်းဆွဲ
ဆိုတဲ့ ဘဝ ကို ပြန်ရောက်သွားကြရပြီတဲ့ ။

ချီးကျူးလေးစားစရာ ကောင်းတာက
ဖာပွန်က အရာရှိ စစ်သည် ရဲမေ တွေပဲ ။
မည်သည့်ဖုန်းမှ ဆက်သွယ်မရသလို
အင်တာနက် လည်း မရှိတာမို့ လားရှိုး
ဘာဖြစ်သွားလဲ ဆိုတာ သူတို့ အခုထိ
မသိကြသေးသလို လောက်ကိုင် တို့
ရခိုင်တို့ဝေလာဝေးပေါ့ ။

သူတို့သိတာ တစ်ခုပဲ ရှိတယ် ။ သူတို့ကို
လာတိုက်တဲ့ ရန်သူကို သေသေကြေကြေ
ချမယ် ။မဆုတ်မနစ်ချမယ် ။ ရဲရဲရင့်ရင့်
ချမယ်။အကုန်လက်စတုန်း ချေမှူန်းပစ်မယ် ။
ဒီလို ချနိုင်ဖို့ အတွက်လည်း ဗျူဟာမှူးဆီ
တင်ပြ တောင်းဆိုထားတာက အဘ ဘယ်တော့မှ
လက်နက်ချဖို့မပြောပါနဲ့ ။ ဘယ်တော့
မဆုတ်ပါနဲ့ ။ ကျွန်တော် ကျမ တို့ ဒီအကြမ်း
ဖက်ကောင်တွေကို ဘယ်တော့မှ အရှူံးမပေး
ဘူး ။ ဖာပွန်သမိုင်း တပ်မတော်သမိုင်း
ကို ဒီနေရာ ဒီဒေသမှာ သူရဲကောင်းတွေ
အဖြစ်အတူတကွ ကမ္ပည်းထိုးကြမယ်တဲ့ ။

သူတို့ပြောတဲ့ အတိုင်းပဲ ၊ အခုဆိုရင်
စံချိန်တင် သူရဘွဲ့ တွေ သူရဲကောင်း
မှတ်တမ်းဝင်တွေ အဖြစ်နဲ့ သမိုင်းဝင်ဖို့
တင်ပြထားကြ
ပါပြီ ။ စံချိန်တင်မယ်ဆိုရင် လည်း
တင်လောက်ပါတယ်။

ဖာပွန်တပ်နယ်ဟာ ရန်သူကို
ရဲရဲရင့်ရင့် ခုခံတိုက်ထုတ်ချေမှူန်းနေတာ
၁ နှစ်ပြည့်တော့မယ့် အချိန်မှာ KNU
တပ်မဟာ ၅ က သူ့ဆီမှာ လူအင်အား
ကုန်သလောက်ဖြစ်သွားရပြီ မို့ KNU
တပ်မဟာ ၁/၂/၃/၆ ကို ရောက်နေတဲ့
မအူမလည် ဗမာPDF တွေကို စစ်ကူ
ခေါ်ယူနေပါသတဲ့ ။

ဘာပဲ ပြောပြော
သူရဲကောင်းဖာပွန်တပ်နယ်ကို တော့
လေးစား ဦးညွှတ်မိပါတယ် ။

အောင်နိုင်သူ