အောက်တိုဘာ ၂၆ ရက် (ယနေ့)တွင် နောင်ချိုမြို့နယ်၊ ဂန့်ဂေါရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် အကြမ်းဖက် TNLA သူပုန်များ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူများ အရှေ့မြောက်ဘက်ကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရပါတယ်။ ဖြစ်စဉ်တွင် မိမိဘက်မှ စိုးရိမ်ရ ၁ ဦးအပါအဝင် စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရန်သူ့ ယာယီစခန်း ၃ ခု ထံမှ –
(၁) အကြမ်းဖက် TNLA အလောင်း ၈ လောင်း (ပုပ်ပွ ၂ လောင်းအပါ)
(၂) Type-81 သေနတ် ၃ လက်
(၃) RPG ဗုံးသီး ၆ လုံး၊ ပို့ကျည် ၁ တောင့်
(၄) ကျည် ၉၀၀ တောင့်ခန့်
(၅) အီနာဂါ ၂ လုံး
(၆) ကျည်အိမ် ၁၃ ခု
(၇) တရုတ်လက်ပစ်ဗုံး ၂ လုံး၊ နင်းမိုင်း ၁ လုံး
(၈) TNLA ယူနီဖောင်း ၅ စုံ၊ မန်းPDF ယူနီဖောင်း ၁ စုံ
(၉) ကျောပိုးအိတ် ၃ လုံး၊ ဦးထုပ် – ၂ လုံး
(၁၀) လက်ထိပ် ၁ ခု
(၁၁) သဲအိတ်ဘန်ကာ ၁၃ လုံး
(၁၂) ပစ်ကျင်း ၃၂ ကျင်း
(၁၃) ဆသရမြောင်း ၈၀၀ ပေခန့် တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။
လက်ရှိအချိန်တွင် ဆုတ်ခွာရန်သူနောက်သို့ ထပ်ကြပ်လိုက် ချေမှုန်းရှင်းလင်းနေပြီး ဂန့်ဂေါဒေသအား တပ်မတော်မှ ရာနှုန်းပြည့် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အလောင်း/လက်နက်များ ထပ်မံရရှိပါက သတင်းဆက်ဖြင့် ဖော်ပြပါမယ်။




