TNLA အကြမ်းဖက် အလောင်း/ လက်နက်များ သိမ်းဆည်းရရှိ

အောက်တိုဘာ ၂၄ ရက်၊ နေ့လည်အချိန်က နောင်ချိုဒေသဘက်တွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက် TNLA အင်အား ၆၀ ဦးတို့ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့။ တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် အကြမ်းဖက် TNLA အဖွဲ့ဟာ ၎င်းတို့၏ သေဆုံးအလောင်းများမှ သေနတ်များ ဆွဲယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA အလောင်း ၆ လောင်း
(၂) RPG ဒုံးသီး ၄ လုံး
(၃) လက်ပစ်ဗုံး ၂ လုံး
(၄) ကျည်အိမ်မျိုးစုံ ၇ ခု
(၅) ကျည်ဆန်များ
သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။