အောက်တိုဘာ ၁ မှ ၂၀ ရက်အထိသာ နပခ၊ ရခိုင်ပြည်နယ်တွင် AA ၇၅၀ ကျော် စာရင်းဖော်ပြထားသော်လည်း မြေပြင်သတင်းနှင့် ကြားဖြတ် သတင်းများအရ ယခုထက် ပိုမိုသေဆုံးကြောင်း သိရှိရပါတယ်။
AA တပ်ဖွဲ့အခြေပြုနေရာများနှင့် အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်သည့် နေရာများကို ရုရှား နိုင်ငံထုတ် UAV များနှင့် ကင်းထောက်ပြီး လေကြောင်းတိုက်ခိုက်မှု ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ပါတယ်။
အလောင်းကောက်အဖွဲ့ဖြင့် အလောင်းများ ပြန်လည်ဆွဲယူသွားခဲ့သည့် ဖြစ်စဉ်များရှိသလို အလောင်းများ၊ လက်နက်များ ကျန်ခဲ့သည့်ဖြစ်စဉ်များ အများအပြားရှိကြောင်း ဓာတ်ပုံမှတ်တမ်း အထောက်အထားများဖြင့် ဖော်ပြထားရှိပါတယ်။