အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စုတွင် နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနဲ့ အကြမ်းဖက် KNU(6)/PDF ၃၀ ဦးတို့ စံပြရွာအနီး ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ပွားပြီး ရန်သူအရှေ့တောင်အရပ်သို့ ထွက်ပြေးသွားခဲ့ပြီး-
ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ရန်သူ့ဘက်မှ –
(၁) KNU(6)/PDF အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
