အောက်တိုဘာ ၁၇ ရက် မနက် ၂ နာရီခန့်မှာ မောင်တောရှိ နခခ(၅)အား အကြမ်းဖက် AA အဖွဲ့ အင်အား ၄၀၀ ခန့်မှ လက်နက်ကြီး/ငယ်များ ပစ်ခတ်ပြီး ထပ်မံလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ မိမိဘက်က ပစ်ကူပစ်အား ရယူပြီး ရဲဝံ့စွာပြန်လည်တိုက်ခိုက်မှုကြောင့် ရန်သူမှာ အဖွဲ့များကွဲ၍ ဆုတ်ခွာထွက်ပြေးခဲ့ပါတယ်။ ထိုဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် AA အလောင်း ၂ လောင်း
(၂) သေနတ် ၂ လက်
- Type-81 သေနတ် ၁ လက် (ပျက်စီး)
- MA-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။
ဆုတ်ခွာထွက်ပြေးသွားတဲ့ ရန်သူနောက်သို့ စစ်ကြောင်းများမှ လိုက်လံရှင်းလင်းရာ ည ၇ နာရီချိန်ခန့်တွင် ရန်သူ့ထံမှ မဆွဲနိုင်၍ ကျန်ရစ်ခဲ့သော –
(၁) အကြမ်းဖက် AA အလောင်း ၃ လောင်း
(၂) သေနတ်မျိုးစုံ ၁၀ လက်
- တရုတ်စက်လတ် ၁ လက်
- M-23 သေနတ် ၂ လက်
- M-22 သေနတ် ၂ လက်
- Type-81 သေနတ် ၂ လက်
- MA-3 သေနတ် ၁ လက်
- MA-4 သေနတ် ၂ လက်
(၃) RPG ဗုံးသီး ၅ လုံး
(၄) ကျည်အိမ် ၅ ခု
(၅) ကျည်ခါးပတ်တွဲ ၄ ခု၊ ကျည်ဘောက် ၁ ခု ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက် (ယနေ့) တစ်နေ့တည်းတွင် ရန်သူ့အလောင်း ၅ လောင်းနှင့် သေနတ်မျိုးစုံ ၁၂ လက် တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ မောင်တောမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ယူလေးစားမိပါတယ်။