စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)တို့မှ ဗိုလ်လောင်းများသည် နည်းပြအုပ်ချုပ်သူများ လိုက်ပါ၍ အောက်တိုဘာ ၇ ရက်မှ ၁၅ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် နေပြည်တော်ကောင်စီနယ်မြေများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး ၎င်းမြို့များရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများသို သွားရောက်လေ့လာကြကာ တန်ခိုးကြီးဘုရားစေတီများအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရပါတယ်။

