နခခ(၅)ကိုလာတိုက်တဲ့အကြမ်းဖက် AA တွေခွေးပြေးပြေးခဲ့ရတဲ့ဖြစ်စဉ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နခခ(၅)ဌာနချုပ်အား အောက်တိုဘာ ၁၄ ရက်(မနေ့) မနက် ၄ နာရီခန့်မှစ၍ အကြမ်းဖက်သောင်းကျန်းသူ AA အင်အား ၃၀၀ ဦးခန့်သည် နေရာ(၈)နေရာမှ စိန်ပြောင်း၊ RPG၊ စက်လတ်များ တရစပ်ပစ်ခတ်၍ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

ဌာနချုပ်ရှိ တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ တိုက်လိုခိုက်လိုစိတ်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှု၊ လေကြောင်းနှင့် အမြောက်ပစ်ကူတို့ တိကျစွာ ပစ်ကူပေးနိုင်မှုတို့ကြောင့် ရန်သူမှာ အကျအဆုံးများစွားဖြင့် ၎င်းတို့အလောင်းများ ဆွဲ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဆုတ်ခွာထွက်ပြေးရန်သူ့နောက်သို့ မိမိတပ်များ လိုက်လံရှင်းလင်းလျက်ရှိပြီး မနေ့ည ၉ နာရီအထိရရှိသတင်းအရ ရန်သူဝင်ရောက်တိုက်ခိုက်သည့် မျက်နှာစာဘက်တွင် အလောင်း/ လက်နက်များ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖြစ်စဉ်တွင် ကျန်ရစ်ခဲ့သည့် (လက်ဝယ်ရရှိ) ရန်သူ့အလောင်း/ လက်နက်များအနေဖြင့် –
(၁) အကြမ်းဖက် AA အလောင်း ၉ လောင်း
(၂) လက်နက်မျိုးစုံ ၁၈ လက်

  • Type-81 သေနတ် ၆ လက်
  • M-22 သေနတ် ၃ လက်
  • M-79 လောင်ချာ ၁ လက်
  • MA-1 သေနတ် ၃ လက်
  • MA-2 သေနတ် ၂ လက်
  • MA-3 သေနတ် ၁ လက်
  • MA-4 သေနတ် ၁ လက်
  • RPG ၁ လက်
    (၃) ကျည်မျိုးစုံ ၃၀၀၀ ကျော်
    (၄) ကျည်အိမ်မျိုးစုံ ၃၄ ခု
    (၅) RPG ဒုံးသီး ၁၀ လုံး
    (၆) လက်ပစ်ဗုံး ၇ လုံး
    (၇) အီနာဂါဗုံးသီး ၃ လုံး
    (၈) စက်လတ်ကျည်ခါးပတ်တွဲ ၅ ခု တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။

အောင်ပွဲရတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဆက်လက်ရှင်းလင်းနေဆဲဖြစ်ပြီး ရန်သူ့အလောင်း/ လက်နက်များ ထပ်မံရရှိထားတယ်လို့ သိရှိရပါတယ်။

မောင်တောဒေသမှ အောင်ပွဲရတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်စိတ်အား မှတ်ကျောက်တင်ထားရှိ ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။