ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နဲ့ ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့နယ်များအတွင်း YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များထံမှ အုပ်စုဖွဲ့ ခါးပိုက်နှိုက်ယူမှုကျူးလွန်နေသူ (၄) ဦးကို သက်သေခံပစ္စည်းများနဲ့အတူ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာလ ၁၁ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိထားသူများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၃) ရပ်ကွက်နေ သန်းထွန်းအောင်(ခ)ကရင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၇) ရပ်ကွက်နေ စန်းမောင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်နေ စိုးတင့်(ခ)တရုတ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၉)ရပ် ကွက်နေ ချစ်မင်းထွေး(ခ) ကုလားလေး ဆိုသူတို့ဖြစ်ကြပြီး ၎င်းတို့၏နေအိမ်များမှ အောက်တိုဘာလ ၄ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။