-မိုင်းရယ်-ကျေးသီး ဆက်သွယ်ထားတဲ့ နမ့်လောင်းတံတားဂိတ်၊ မိုင်းရယ်မြို့ဂိတ်နဲ့ တာကော်အပ် တံတားက ဂိတ်တွေမှာ ကုန်တင်ကားကြီး/သေး၊ ခရီးသယ်ကား၊ ခြောက်ဘီးကား၊ ကွန်တိန်နာ ကား စတာတွေကို ပိုက်ဆံအဆမတန်ကောက်ခံနေကြောင်း သတင်းအမှားရေးသားနေသည့်အပြင် အသစ်ရောက်လာတဲ့ စစ်တိုင်းမှူးနဲ့ ဗျူဟာမှူးတို့အား ဒေသခံတိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများကြား ယုံကြည်မှုပျက်ပြားလာအောင် Shwe Phyee Myay News Agency မှ သတင်းအမှားများရေးသားလျက်ရှိပါတယ်။
-မြေပြင်အမှန်မှာ မိုင်းရယ်-ကျေးသီး လမ်းကြောင်းဂိတ်များအနေဖြင့် ကန့်သတ်ကုန်စည်များအား အကြမ်းဖက်အဖွဲ့များထံမရောက်အောင်၊ တရားမဝင်မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းနှင့် တရားမဝင်နိုင်ငံသားများ ဝင်ရောက်မှုမရှိအောင် စသည့် ကုန်သွယ်စီးဆင်းမှုကို နှောင့်နှေး ပျက်ပြားစေနိုင်သည့် လုပ်ရပ်များအား တင်းကြပ်စွာစစ်ဆေးနေသည့်အတွက် ဥပဒေအား မလေးစားမလိုက်နာသည့် ကားသမားများအနေဖြင့် အခက်တွေ့နေရခြင်းကြောင့် မြေပြင်အမှန်ကို ဖုံးကွယ်ပြီး စစ်ဆေးရေးဂိတ်များ မရှိအောင်နှင့် ဂိတ်များရှိတာဝန်ရှိသူများ အခက်တွေ့ရအောင် လုပ်ကြံစွပ်စွဲ သတင်းအမှားလွှင့်ခြင်းသာ ဖြစ်ပါတယ်၊ စစ်တိုင်းမှူးနဲ့ ဗျူဟာမှူးတို့မှာ ၎င်းတို့ရောက်ရှိနယ်မြေဒေသတွေတိုင်း အစိုးရအဖွဲ့အစည်း၊ ဒေသခံတိုင်းရင်းသားများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင်လာကြသူများ ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းများ၏ တရားမဝင်လုပ်ငန်းများ ဗူးပေါ်သလို ပေါ်ပေါက်လာနိုင်သောကြောင့် တပ်မတော်၊ ဒေသခံတိုင်းရင်းသား၊ ငြိမ်းချမ်းရေးအဖွဲ့အစည်း များကြား ယုံကြည်မှုပျက်ပြားအောင် တမင်ရည်ရွယ်ချက်ရှိရှိ သတင်းအပုပ်ချ ရေးသားခြင်းသာ ဖြစ်ပါတယ်။