မဟုတ်တာတော့လာမပြောနဲ့..
တို့က မဟုတ်ရင်တော့ မခံဘူးဆိုတဲ့
သူတွေကို မေး ကြည့်တယ်။
ဟုတ်ရင်ရော ခံလား ဆိုတော့ ..
ဟုတ်ရင်လည်း မခံနိုင်ကြပြန်ဘူး
တဲ့လေ။
ကိုယ်လည်း တစ်ခါတလေဒီလိုပါပဲ..
သတိ အမြန်ပြန် ကပ်နေရတယ်။
မဟုတ်လည်း မခံ၊ဟုတ်လည်း မခံ။
အဲဒီလိုဆိုတော့..
ဘာမှပြောလို့မရတော့ဘူးပေါ့..
မခံနိုင်ရင်တော့ ဘာမှ ဟန်မှာ
မဟုတ်ဘူး။
ခံနိုင်ရည်ဆိုတာ အကောင်းပြော
လည်း ခံနိုင်ရမယ်..
မကောင်းပြော လည်း ခံနိုင်ရည်
ရှိရမယ်။
ကောင်းတာလေးတော့ ကျေနပ်
တတ်ပြီး..
မကောင်းတာကျတော့ မခံစားနိုင်
ဘူးဆိုရင်..
ဒါဟာ လောကဓံကို မခံနိုင်သေးတဲ့
သဘောပဲ။
မဟုတ်တာကြီးကို……….ငုံ့ခံနိုင်ဖို့
မဟုတ်ဘူး
အမှန်သိဖို့အတွက်တုံ့ပြန်သင့်ရင်
တုံ့ပြန်ရမယ်။
ငါနဲ့ မတုံ့ပြန်နဲ့၊မာန်နဲ့ မတုံ့ပြန်နဲ့၊
ဉာဏ်နဲ့ တုံ့ပြန်ဖို့ပဲလေ။
ဒေါသနဲ့ မတုံ့ပြန်နဲ့
အကြောင်းအကျိုးနဲ့ တုံ့ပြန်ဖို့ ပါ
ဟုတ်တာ ပြောလာရင်လည်း
လက်ခံနိုင်တဲ့ သတ္တိ ရှိရမယ်။
မဟုတ်တာပြောတာကတော့ဟုတ်မှ
မဟုတ်တာ
ခံစားနေဖို့တောင်မလိုဘူးမဟုတ်လား
ဒါကြောင့် လက်ခံလိုက်ပါ..
မခံစားပါနဲ့။
ရင်ဆိုင်လိုက်ပါ
ရှောင်လွှဲမနေပါနဲ့။
အချိန်တန်တော့ လည်း ပြီးသွားတာ
ပါပဲ။
မနာပဒါယီအရှင်ဝိစိတ္တ
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်