ဗုဒ္ဓဆင်းတုတော်များကို KNPP, KNDF နဲ့ PDF များ ဖျက်ဆီးမှု

အာဖဂန်နစ္စတန်မှာ ဘာသာရေးအစွန်းရောက် တာလီဘန်သူပုန်တွေက ရှေးဟောင်းအမွေအနှစ် ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကြီးတွေကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက်မှာ အာဖဂန်နစ္စတန်နိုင်ငံဟာ အမေရိကန်တိုက်ခိုက်မှုကြောင့် စိစိညှပ်ညှပ်ကြေမွခဲ့ပြီး တာလီဘန်တွေ ရာထောင်ချီ သေဆုံး၊ ဒုက္ခရောက်ခဲ့တဲ့ သာဓက ဖြစ်ရပ်တွေရှိခဲ့ပါတယ်

လတ်တလောမှာလည်း ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်တဲ့ မြန်မာမှာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ၊ လအိကျေးရွာမှာရှိတဲ့ တောင်ပေါ် ဂြိုလ်ရှစ်ခွင်ဘုရားစေတီမှာရှိတဲ့ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်တွေကို လူစိတ်ပျောက်နေတဲ့KNPP, KNDF နဲ့ PDF တွေက ဆင်းတုတော်တွေ ဦးခေါင်းတော် ဖြတ်ပြီး ဖျက်ဆီးနေကြတာ ရင်နင့်ဖွယ်ရာ မြင်တွေ့ရပါတယ်

KNPP, KNDF အများစုက ကယန်း၊ ပဒေါင် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး PDF အကြမ်းဖက်သမားတွေက အသုံးချခံ ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ မကြောက်မလန့် ကိုယ့်ဘာသာ သာသနာကို ဖျက်ဆီးနေသူကို အံ့ဩဖွယ်ရာတွေရှိရပါတယ်..

မယုံမရှိကြပါနဲ့ အာဖဂန်နစ္စတန်က တာလီဘန်တွေလို KNPP ,KNDF နဲ့ PDF တွေ ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

ဘာသာရေးနဲ့ စစ်ရေးမသက်ဆိုင်သလို စစ်ရေးမှာ ဘာသာရေးကို ဦးတည်ပစ်မှတ်ထားသူတိုင်း ဘယ်လိုရှုံးနိမ့်ခဲ့သလဲဆိုတာ သမိုင်းမှတ်တမ်းများစွာရှိပါတယ်