“ဂုဏ်တက်ဖို့. တစ်သက်
ဂုဏ်ပျက်ဖို့ တစ်ရက် တဲ့”
အကောင်းဂုဏ်လေး တစ်ခုရဖို့
အချိန်များစွာပေးပြီး စိတ်ကောင်း
စေတနာကောင်းထားပြီးတော့
ကြိုးစားယူမှ ရတာ။
အချိန်များစွာပေးပြီး ကြိုးစားထားလို့ရထားတဲ့
အကောင်းဂုဏ်လေးဟာ
ပျက်ဖို့ကျတော့ မြန်တယ်ဗျ၊ ဘာမှ
အချိန်ပေးနေစရာ မလိုဘူး။
နာရီပိုင်း မိနစ်ပိုင်းအတွင်းလေး
မလုပ်သင့်တာလုပ်၊ မပြောသင့်တာ ပြော
မဟုတ်တရုတ် ထလုပ်လိုက်တာနဲ့
ခေါင်းမဖော်ရဲလောက်အောင်
နာမည်က ချက်ချင်း ပျက်ရော။
“ဒီလူ စိတ်နေ စိတ်ထားရော
သဒ်ဓါတရားရော ကောင်းတယ်မှတ်နေတာဒါမျိုး
မဟုတ်တရုတ် ထ,လုပ်လိမ့်မယ်လို့”တောင်
မထင်ရဘူးလို့ ပြောရလောက်အောင် ဖြစ်လာတတ်
တယ်ဗျ။
သူတော်ကောင်းဂုဏ်တွေ ပျောက်ပြီး
တော့ သူယုတ်မာစာရင်းဝင်ဖြစ်ဖို့က
ဘာမှ အချိန်မပေးရဘူးဗျ၊
နာမည်ပျက်ဖို့က လွယ်လွယ်လေးရယ်။
တိပိဋကယောဆရာတော်
🙏🙏🙏