လက်ဘနွန်ကို အစ္စရေး စစ်တိုက်ပြီ

Operation Northen Arrows ( မြောက်ပိုင်းမျှားများ ) လို့အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ လက်ဘနွန်ကို အစ္စရေးက မနေ့ညဖက်မှာ မြေပြင်စစ်ဆင်ရေး စတင်လိုက်ပါတယ်၊

စစ်ဦးဘီလူးဆိုတဲ့အတိုင်း အစ္စရေးရဲ့ F-15 လေယာဉ်တွေက ပေါင် (၅၀၀) ဗုံးတွေ၊ ဘန်ကာဖေါက်ဗုံးတွေ တွင်တွင်သုံးပြီး၊ ခပ်ကြမ်းကြမ်း စစ်ဆင်ရေးစတင်ခဲ့တယ်၊

အစ္စရေးဖက်ကလဲ ကာလရှည်ကြာစောင့်စားနေရတဲ့ သူတို့ရဲ့စစ်ဆင်ရေးကို စတင်လိုက်ကြောင်းအတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်၊
လွန်ခဲ့တဲ့နှစ် ( 7.10.23 ) နေ့က ဟားမတ်တွေအစ္စရေးထဲကျူးကျော်ဝင်ရောက်လာပြီး၊ အစ္စရေး ဗိုလ်မှုးချုပ်တဦးအပါအဝင် လူ (၁၂၀၀) ကျော်ကို သတ်ဖြတ်သွားရာမှာ လက်ဘနွန်ဖက်ကလဲ ပါဝင်ခဲ့တယ်၊ ပြန်လက်စားချေနိုင်ဖို့ အစ္စရေးဖက်က (၁) နှစ်လောက်စောင့်ခဲ့ရပါတယ်။

BaMg

.