ကြိုက်တဲ့လမ်းကို ရွေးချယ်နိုင်တဲ့သဘောအဓိပ္ပယ်

ငယ်ငယ်တုန်းက အိမ်ကအဖေ့လိုပေါ့။

မိသားစုက အလှူသွားဖို့ပြင်ပြီးပြီ .. ကိုယ်တွေက အိမ်ရှေ့မှာ ဘောလုံးကန်လို့ ကောင်းတုန်း။

အဖေက လက်နောက်ပစ်လို့ အိမ်ရှေ့ထွက်လာပြီး “ငါ့သားကစားလို့ကောင်းတုန်းပဲလား?” ဆိုပြောပြီး အိမ်ထဲပြန်လှည့်သွားတယ်။ လက်နောက်ပစ်ထားတာ အလကားမဟုတ်ဘူး နောက်မှာကြိမ်လုံးကြီး တမင်ကိုမြင်အောင် ပြထားတာ။

ဆက်ကစားနေကြည့်ပါလား? ရှယ်ကိုမှ ဇွန်းရောပန်းကန်ရော တပ်ပြီး အတွယ်ခံရမှာ.. လက်နောက်ပစ်ပြီး ပြုံးပြုံးလေးပြောသွားပေမယ့် နောက်ကကြိမ်လုံးမြင်အောင်ပြသွားတယ်ဆိုတာ။

“အလှူလိုက်ဖို့အတွက် ကစားနေတာ ရပ်တန်းကရပ်မလား? ကြိမ်နဲ့အတွယ်ခံမလား?” ကြိုက်တဲ့လမ်းရွေး။

ခုလည်းဒီသဘောပဲ………