-စက်တင်ဘာ ၂၂ ရက် ၁၅၀၀ နာရီတွင် တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းနေ ဦးဖိုးချို(ခ)သော်ဇင်ညွန့်(၅၂)နှစ် မောင်းနှင်၍ ယာဉ်ပေါ်၌ ထက်သူရအောင်(၂၆)နှစ်၊ ဦးသန်းစိုး(၆၁)နှစ်၊ ဇင်မာဖြိုး(၂၃)နှစ်နှင့် မြင့်သူဇာလှိုင် (၂၃)နှစ်တို့ လိုက်ပါလာသည့် ယာဉ်အမှတ်၊ 9J-1779 SUZUKI အမျိုးအစား မော်တော်ယာဉ်သည် တနင်္သာရီမြို့ မှ မြိတ်မြို့သို့ ဆေးခန်းပြရန်အတွက် ထွက်ခွာလာစဉ် ဘန်းလမွတ်ကျေးရွာအနီးအရောက်၌ အကြမ်းဖက်အဖွဲ့ PDF ၂၀ ဦးခန့်မှ ယာဉ်အားတားဆီး၍ ဦးဖိုးချို(ခ)သော်ဇင်ညွန့်နှင့် ထက်သူရအောင်တို့ ၂ ဦးအား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။
-စက်တင်ဘာ ၂၂ ရက် ၂၁၀၀ နာရီတွင် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေ ဖိုးသိန်း(ခ)သိန်းဌေး(၅၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၆ ဦးမှ လက်နက်ငယ်များကိုင်ဆောင်၍ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဖိုးသိန်း(ခ)သိန်းဌေးအား ဒလန်ဟုစွပ်စွဲကာ စေတုတ္တရာမြို့နယ်၊ ကျောက်ပုံ/ခဲပစ်ကျေးရွာဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။
-စက်တင်ဘာ ၂၂ ရက် ၀၇၃၀ နာရီတွင် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေ အိသော်တာမောင်(၁၆)နှစ်သည် မိခင်ဖြစ်သူ ဒေါ်ညိုစန်းနှင့်အတူ ကျေးရွာ၏မြောက်ဘက်သို့ ထင်းခွေသွားရန် တောလမ်းအတိုင်း ထွက်ခွာလာစဉ် ကျေးရွာ ၏မြောက်ဘက် ၁ မိုင်ခန့်အကွာအရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိ ပေါက်ကွဲခဲ့ရာ အိသော်တာမောင်တွင် ဝဲ/ယာပေါင်၊ ယာလက်ချောင်းမိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။