ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးခဲ့သည့် နမ့်လပ်ချောင်းကူး တံတား ပြန်လည်တည် ဆောက်ပြီးဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြိုတွင် စက်တင်ဘာ ၁၀ ရက် နံနက် ၂ နာရီမှစ၍ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် နမ့်လပ်ချောင်းတောင်ကျရေများ မြင့်တက်လာပြီး ကျိုင်းတုံ-လွိင်မွေ ကားလမ်းပေါ်ရှိ အရှည် ၆၀ ပေ၊ အကျယ် ၁၉ ပေရှိ နမ့်လပ်ချောင်းကူး သံကူကွန်ကရစ်တံတားမှာ စက်တင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခွဲ ခန့် တွင် ပြိုကျပျက်စီးခဲ့သဖြင့် အရှည် ၈၀ ပေ၊ အကျယ် ၁၂.၈ ပေ၊ ခံနိုင်ဝန် ၁၃ တန်ရှိသည့် သံဘောင်ဘေလီတံတားကို အစားထိုးတည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ #Crd