PDF အကြမ်းဖက်များကို နှိမ်နင်းပေးရန် ဒေသခံများတောင်းဆို

စစ်ကိုင်းမြို့နယ်အတ္ငင်းရှိ ကျေးရွာအချို့တို့တွင် စုဝေးကာ အခြေပြုလှုပ်ရှားနေသော PDF အကြမ်းဖက်များကို နှိမ်နင်းပေးရန် ဒေသခံများက လိုလားလျှက်ရှိနေပြီး တောင်းဆိုမှုများလည်း ရှိနေသည်ဟု သိရသည်။

အဆိုပါ ကျေးရွာများမှာ စစ်ကိုင်းမြို့ တောင်ကြားကျေးရွာ၊ တောင်မြို့ကျေးရွာ၊ ဒီပဲယင်းကွဲကျေးရွာတို့ဖြစ်သည်ဟု သိရပြီး ယင်းကျေးရွာများသည် ရွာလုံးကျွတ် PDF များဖြစ်ကြသလို ၎င်းတို့ကို မထောက်ခံသော ပတ်ဝန်းကျင်ကျေးရွာများကို အကြမ်းဖပ်တိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်လျှက်ရှိသည်ဟုဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်၊ မနက်ပိုင်းကလည်း ဝါခင်းပေါင်းသင်ရန် ထွက်ခွာလာသည့် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှ အရပ်သား ၂၁ ဦးကို PDF ဆိုသူများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာ အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၃ ဦး၊ စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့သလို ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

သို့ဖြစ်သဖြင့် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းတိုက်နယ်နှင့် ဆားတောင်တိုက်နယ်တို့ရှိ တောင်ကြားကျေးရွာ၊ တောင်မြို့ကျေးရွာနှင့် ဒီပဲယင်းကွဲကျေးရွာတို့တွင် စုဝေးခိုအောင်းနေသည့် PDF အကြမ်းဖက်အုပ်စုများကို အမြစ်ပြတ် နှိမ်နင်းပေးရန် အေးချမ်းစွာနေလိုသော ဒေသခံများက တောင်းဆိုနေခြင်းဖြစ်သည်ဟု သိရသည်။