ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့ ထိုင်းနိုင်ငံသားများ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ

ထိုင်းနိုင်ငံကိုအလုံးအရင်းနဲ့ ရွှေ့ပြောင်းလာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ရက် (၉၀) အလုပ်ဗီဇာနဲ့သာ နေထိုင်ခွင့်ပေးဖို့ ထိုင်းနိုင်ငံသားအချို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က မြန်မာသံရုံးရှေ့မှာဒီကနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသားအချို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အထဲမှာ အချက်ပေါင်း (၈) ချက်ရှိပြီး မြန်မာနိုင်ငံသားတွေကို ရက် (၉၀) အလုပ်ဗီဇာသာပေးဖို့၊ အလုံးအရင်းနဲ့ဝင်လာတာတွေ ရပ်တန့်ဖို့၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို အလုပ်ရပ်စဲပြီး ကိုယ့်နိုင်ငံကိုယ်ပြန်ပို့ဖို့၊ မြန်မာနိုင်ငံသားတွေကြောင့် ဒေသခံတွေအလုပ်ရခက်ခဲနေကြောင်းအပါအဝင် ၈ ချက်ရှိတယ်လို့ဖော်ပြထားပါတယ်။ ယခုလိုအချက် (၈) ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း စာပို့တောင်းဆိုထားတယ်လို့သိရပါတယ်။

crd/