မလည်စခန်းကို လာတိုက်တဲ့အကြမ်းဖက်တွေရဲ့ ဒိုဇာ၂ စီးသိမ်းဆည်းရမိ

ကန့်ဘလူဘက်က မဒေါင်းလှရွာနဲ့ မလည်စခန်းကို လာတိုက်တာ ဒိုဇာတွေကို သံပြားတွေကာပြီး ရှေ့ကနေ ၁ စီးစီ အသုံးပြုတိုက်လာတာ တွေ့ရတယ်။ အဲလိုဒိုဇာတွေကို စိန်ပြောင်းနဲ့ပစ်ဖို့ မလွယ်လှဘူး။ (တည့်တည့်ကျရင်တော့ တစ်မျိုးပေါ့)။

ဒါကြောင့် ဗျူဟာမှူးက လက်ရွေးစင် RPG သမား ၂ ဦးစီ အဖွဲ့တွေ ဖွဲ့လိုက်တယ်။ ရှေ့ဆုံးက တက်လာတဲ့ ဒိုဇာတွေကို RPG နဲ့ အရင်ချေမှုန်းတယ်။ ဒိုဇာထိသွားရင် အကြမ်းဖက်တွေ ရှေ့မတက်ရဲတော့ဘူး .. ပြန်ပြေးကြတယ်။

အဲဒီလို RPG အဖွဲ့နဲ့ ချေမှုန်းတဲ့အတွက် မဒေါင်းလှရွာကို လာတိုက်တဲ့ (ပုံပါ) ဒိုဇာ ၁ စီးနဲ့ မလည်စခန်းကို လာတိုက်တဲ့ ဒိုဇာ ၁ စီးကို စစ်ကူလိုက်လာတဲ့ ကွန်မန်ဒိုစစ်ကြောင်း(ပသစအပါ)တွေက သိမ်းမိလိုက်တယ်။ ဒိုဇာမောင်းတဲ့ အကြမ်းဖက်တွေကတော့ စိတ်မကောင်းစွာ အသက်ပျောက်သွားတယ်။

ဒိုဇာမရှိတော့ဘူးဆိုတော့ အကြမ်းဖက်တွေလည်း ငြိမ်သွားတယ် (ဘာတွေကြံနေသလဲတော့မသိ)။ မည်သို့ပင်ဆိုစေ မလည်စခန်းက ကွန်မန်ဒိုစစ်ကြောင်းက ကြိုက်တဲ့ဒိုဇာ၊ ကြိုက်တဲ့သူ တက်လာခဲ့ဆိုပြီး RPG ကိုင်ပြီးစောင့်နေပါတယ်။ သတ္တိရှိရင် တော့ မလည်စခန်းကို သွားကြပေါ့။

လိုင်းအခက်အခဲကြောင့် မလည်စခန်းနားမှာ ချေမှုန်းနိုင်ခဲ့တဲ့ ဒိုဇာပုံ ရရင်ထပ်မံတင်ပေးပါမယ်။ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကန့်ဘလူဗျူဟာမှူးနဲ့တကွ ကွန်မန်ဒိုစစ်ကြောင်း၊ အထူးပသစများ၊ ရဲတပ်ဖွဲ့ဝင်များကို အထူးပင် လေးစားဂုဏ်ယူမိပါတယ်။