အိမ်နီးချင်းကောင်းပီသတဲ့ အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံသည် ဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာလျှင် ပထမဆုံး ကူညီတုန့်ပြန်သည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများပေးအပ်ရာတွင် Operation Sadbhav (ချစ်ကြည်ရင်းနှီးမှုအစီအစဉ်) ဖြင့် မြန်မာနိုင်ငံမှ ပြည်သူများအား ကူညီပံ့ပိုးပေးနိုင်ရန် စတင်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။