ပြည်သူ ၁၅ ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့တဲ့ စစ်ကိုင်း PDF များ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့်တောင်သူများ တောင်ယာလုပ်ကိုင်ရန်အတွက် မော်တော်ယာဉ်ဖြင့်သွားရောက်စဉ် ကျေးရွာမြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့ရောက်ရှိစဉ် အကြမ်းဖက် PDF များက ၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

အကြမ်းဖက် PDF များ သတ်ဖြတ်မှုကြောင့် ကြွယ်ပုံကျေးရွာမှ သေဆုံးသွားသူများ-

၁- ဒေါ်ဝင်းရွှေ
၂- မရည်မွန်
၃- မသူဇာဝင်း
၄- မသူဇာအောင်
၅- မယု
၆- မမြတ်စု
၇- မသူဇင်ဝင်း
၈- မသန္တာဝင်း
၉- မသဲဇင်ဝင်း
၁၀- မစုလှိင်
၁၁- မသန္တာမိုး
၁၂- မဘုတ်

အကြမ်းဖက် PDF များ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စိုးရိမ်ရ ဒဏ်ရာရရှိသူများ-
၁၃- မစုနိုင်
၁၄- ဒေါ်ရီသန့်
၁၅- မစိုးမမ

NUG နှင့် CRPH လက်ဝေခံ PDF အကြမ်းဖက်သမားများသည် ၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့် ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျေးရွာများမီးရှို့ခြင်း၊ ရွာသူ/ရွာသားများအား ညှင်းပန်းနှိပ်စက်ခြင်းများအားရက်စက်စွာလုပ်ဆောင်တတ်ပြီး ကြွယ်ပုံကျေးရွာသည် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသောကြောင့် ယခုကဲ့သို့ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ယခင် ၂၀၂၃ ခုနှစ် ဧပြီလတွင်လည်း ကြွယ်ပုံကျေးရွာအား Drone ဗုံးသီးများအကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦးသေဆုံးပြီး အပြစ်မဲ့ရွာသူ/ရွာသား ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရပါသည်။