စစ်ဘောမ တခေါ်ခေါ်
လောနေတဲ့ သူများ ..
ရေကြီးချိန်ဘောတွေတလို့ မောနေကြလား ..။
စစ်ခွေးလို့ တအော်အော်
ဆော်နေတဲ့ သူအား ..
တောင်ပြိုချိန် အပူမဲ့ဖို့ ကူတဲ့စစ်သား ..။
မုန်းချင်သလောက် မုန်းစမ်းပါ
ရုန်းထမ်းကာ ကူညီထား ..
ရေကျချိန် အသက်မြဲမှ
ဆက်ဆဲကြဗျား ..။။။
(နန်းနတ်နေနွယ်နိုင်)