အပြေးချန်ပီယံ TNLA/PDF များ

သပိတ်ကျင်းနယ်မြေတွင် TNLA+PDF များ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နိုင်မှုမရှိတော့ပဲ ဆုတ်ခွာနေမှုအား စစ်ကူအင်အားများ ဖြည့်တင်းထားသည့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေလိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိရာ နယ်မြေခံသင်တန်းကျောင်း၏ အရှေ့တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် TNLA နှင့် PDF ပူးပေါင်းအင်အား ၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်များ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းစဉ် အမ်(၂၂) ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။