TNLA အကျအဆုံး များနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီးဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် သိရှိစောင့်ကြည့်နေသော သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့နယ်က တောင်ခမ်းကျေးရွာအနီး တပ်မတော်စခန်းများကို TNLA က တိုက်ခိုက်နေသည့် တစ်လကျော်ကာလအတွင်း TNLA ဘက်က အကျအဆုံး များပြားနေခြင်း ဖြစ်သည်။ “တောင်ခမ်းကို စစ်ဆင်ရေး ဆင်တာက ကျွန်တော်တို့ မျက်စိနဲ့မြင်တာပေါ့နော်။ အနီးအနားက ရွာတွေကလည်း ပြောပြတာရောပေါ့။ TNLA ကတော့ နည်းတယ်။ TNLA ရဲ့ ဗိုလ်ကြီးတို့ ဘာတို့ပေါ့။ ပြီးတော့ (ဗမာ) PDF တွေ ပါတယ်။ ယူနီဖောင်း လဲထားတာပေါ့။ ရပ်စောက်နားမှာ ရှိတဲ့ ဓနု PDF တွေပါတယ်။ နောင်ချိုနားမှာ ရှိတဲ့ PDF တွေ ပါတယ်။ MNDAA က အနည်းငယ်ပါတယ်။ အဲဒီလို ပူးပေါင်း အဖွဲ့နဲ့ ထိုးစစ်ဆင်တယ်”ဟု ၎င်းက ဆိုပါတယ်။