မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷” တူသော အကျိုး “🌷

တူသောအကျိုး ဆိုတာလေးကို
အခြေခံထားရင်
ဘာမှ မကျေနပ်စရာ မရှိပါဘူး …။

ကိုယ်က
ကောင်းတာလေးလုပ်ပေးတယ်ဆိုရင်
ကိုယ်လည်း ကောင်းတာ ရမှာပဲ …။

ကောင်းတာ , ဆိုးတာကို
ဘယ်သူကမှ ကိုယ့်ကို လာပေးတာ
မဟုတ်ပါဘူး။
ကိုယ့်ရဲ့ သဘောထားတွေကပဲ
ကိုယ့်ကိုပြန်ပြီးတော့ ပေးတာဖန်တီး
တာပါ …။

ကိုယ့်ဘက်က
ကောင်းတာကို အရင်လုပ်ထားတဲ့
လူတွေအတွက်
မကောင်းတာ ဖြစ်မှာလည်း ပူစရာ
မလိုဘူး
ကောင်းတာ မဖြစ်မှာလည်း ပူစရာ
မလိုဘူး

အဲတော့ –
ကိုယ်လုပ်ထားတဲ့ စေတနာနဲ့ တန်တဲ့
အကျိုးရလဒ်ကို
ကိုယ်ကိုယ်တိုင်ပဲ သိမ်းပိုက်ကြရမှာ
ဖြစ်တယ် …။

သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ