ကချင်ပြည်နယ် ဖားကန့်မြို့အား အဝေးမှ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဖားကန့် မြို့ဝန်းကျင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ စက်တင်ဘာ ၉ ရက် နံနက် ၇ နာရီခွဲခန့်မှာ ဖားကန်မြို့ အနောက်တောင်ဘက် ဆိပ်မူကျေးရွာအနီး KIAနှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း-
KIA နှင့် အကြမ်းဖက် ၄ လောင်း
အမ်(၂၂) ၁ လက်
ကျည်အိမ် ၁ ခု
ကျည် ၂၀ တောင့်
ရီမုမိုင်း ၁ လုံး
အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ပီး မိမိစစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။