☀️☀️☀️
ရှေ့မြောက်က တို့ညီနောင်
ညီစေတဲ့လေး
ကိုယ်နှင့်သက်ကို နှင်းအပ်လို့ပေ
တိုက်ကြသတဲ့လေး။
ရှေ့မြောက်က နေဝန်းနီ
ရဲရဲနီစွေး
ချွေးသွေးထွက် မငဲ့ကွက်လို့လေ
ခံစစ်တဲ့လေး။
စစ်သည်တော်တို့ခမျာ
စစ်ပမ်းကြပြီသလေး
မဆုတ်မနစ် ဇွဲနဘဲ နဲ့ကွယ်
အားတင်းရှာသတဲ့လေး။
နေဝန်းနီ စစ်သည်များရယ်
အားတင်းထားစို့လေး
တရားသော စစ် ဆင်နွှဲလို့ရယ်
အောင်ရမည်တဲ့ အောင်စေတဲ့လေး။
တို့များမှာ ဝဋ်ရှိလည်းလေ
ကြေစေချင်ပြီတဲ့လေး
နေဝန်းနီ ရန်မခ ဖို့ကွယ်
တောင်းဆုသာ ခြွေနိုင်သတဲ့လေး။
စစ်ကိုမုန်းသော် တိုက်ပါသတဲ့လေး။
တရားသော စစ်မို့လေ နိုင်ရမည်လေး။