ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတိုကို ကုန်စည်များ အချိန်မီတင်ပိုနိုင်စေရန်နှင့် ပြည်သူများ ကိုယ်ပိုင်ယာဉ်များဖြင့် ခရီးသွားလာရာတွင် နှောင့်နှေးကြန့်ကြာမှုနည်းပါးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ကားကူးဇက်ကို ပိတ်ရက်မရှိ နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။
ရန်ကုန်-ဒလ ကားကူးဇက်မှ တစ်ရက်ကို (၁၂)ခေါက်၊ နံနက်(၇)နာရီမှ ည(၇)နာရီအထိ ပြေးဆွဲပေးလျက်ရှိရာ ဆိပ်ကမ်းအာဏာပိုင်ဖြစ်သည့်အတွက် တံတားဖြတ်သန်းခသာ ကောက်ခံပြီး ကားအမျိုးအစားပေါ်မူတည်၍ ဖြတ်သန်းခကောက်ခံမှုနှုန်းထား ကွားခြားသည်ဟု သိရသည်။
စက်တင်ဘာလ(၁)ရက်နေ့မှစ၍ တိုးမြှင့်ကောက်ခံမည့် ယာဉ်/ကုန်အမျိုးအစားများတွင် ခရီးသည်တစ်ဦးလက်မှတ်ခနှုန်းထားကျပ် (၃၀၀)၊ (၁)တန် အောက်ယာဉ်များ ကျပ် (၄၅၀၀)၊ (၁)တန်မှ (၂)တန်အောက် ယာဉ်များ ကျပ် (၅၅၀၀)၊ (၂)တန်နှင့်(၃)တန်အောက် ယာဉ်များ ကျပ် (၇၀၀၀)၊ (၃)တန်နှင့်(၅)တန်အောက် ယာဉ်များ ကျပ်(၈၅၀၀)၊ (၅)တန်အထက်ယာဉ်များ ကျပ်(၁၀၀၀၀)၊ စက်ဘီးကျပ်(၁၅၀)၊ လျှပ်စစ်စက်ဘီး(၂၀၀)၊ ဆိုက်ကားကျပ်(၃၀၀)၊ မော်တော်ဆိုင်ကယ်ကျပ်(၁၀၀၀)၊ (၁)တန် ကုန်ကျပ် (၂၀၀၀) ကောက်ခံသွားမည်ဟု သိရသည်။
CRD