မြ၀တီနယ်စပ်က ရွှေက္ကိုလ်မြို့သစ်ကိုအပြီးဖျက်သိမ်းတော့မယ်လို့ ကြေငြာ

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့မှာ ဖော်ဆောင်နေတဲ့ ရွှေက္ကိုလ်မြို့သစ်စီမံကိန်းကို ဦးစီးတဲ့ ရထိုက်ကုမ္ပဏီက
စီမံကိန်းအားလုံးကို အပြီးတိုင် ဖျက်သိမ်းတော့မယ်လို့ ကြေငြထားလိုက်ပါပြီ။
စီမံကိန်းဖျက်သိမ်းရေးကို 15-9-24 ရက်နေ့မှာ စတင်မှာဖြစ်ပြီးရွှေက္ကိုလ်မြို့သစ်မှာ လုပ်ကိုင်နေတဲ့
လုပ်ငန်းရှင်တွေနဲ့ ၀န်ထမ်းတွေအားလုံးကို20-9-24 ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားရမယ်လို့ကြေငြာထားပါတယ်။

မထွက်ခင်မှာ လုပ်ငန်းရှင်တွေအနေနဲ့ ရထိုက်ရုံးကို လျော်ကြေးအဖြစ် တစ်ဦးလျှင် ထိုင်း‌ ဘတ် 39,999 ပေးသွင်းသွားပြီးမှ ထွက်ခွာလို့ရမယ်ဆိုပြီး စာထဲမှာထည့်သွင်းဖော်ပြထားပါတယ်။

ရွှေက္ကိုလ်စီမံကိန်းကို အခုလိုဖျက်သိမ်းရတာက စာထဲမှာနိုင်ငံတကာဖိအားကြောင့်လို့ ရေးသားထားပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးတဲ့နောက် ဩဂုတ် ၁၆ ရက်နေ့ထိ ထိုင်းနိုင်ငံမှာ
ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအပြီးမှာ ခုလိုမျိုး ရွှေက္ကိုလ်မြို့သစ်ကို ဖျက်သိမ်းတဲ့ အကြောင်း ထွက်လာတာလည်း ဖြစ်ပါတယ်။
Crd–