ဘာသာတရားကို စော်ကားလာတဲ့ လက်နက်ကိုင်များ

ဘာသာရေးအကြောင်း မရေးချင်ပါဘူး (အကဲဆတ်လွန်းလို့)။ ဒါပေမယ့် မရေးပြန်ရင်လည်း မသိကြပြန်ဘူး။ ဒါကြောင့် နည်းနည်းရေးပါမယ်။ ပုံတွေကိုကြည့်ရင် သူများတွေတော့ မသိဘူး .. ကျနော်ကတော့ တော်တော်နှလုံးနာလှတယ်။

သေချာပြန်စဉ်းစားရင် ဒါတွေက ဗမာတွေ စည်းလုံးမှုပြိုကွဲလို့ ဖြစ်လာတာ။ ဒီလိုပြိုကွဲအောင်လည်း ဒုတိယမြောက် ဒီမိုအစိုးရက အကွက်ချစီစဉ်ခဲ့ကြတာ။ ပြည်ပြေး NUG နဲ့ ပြည်ဖျက်လောက်ကောင်တွေရဲ့ သွေးထိုးမှုကြောင့် ဗမာတွေစည်းလုံးမှုပြိုကွဲပြီး သူပုန်ထကြတယ်။ PDF အမည်ခံ အကြမ်းဖက်သမားတွေ ဖြစ်လာခဲ့တယ်။ တိုင်းပြည်ကို အမျိုးမျိုး ဖျက်ဆီးဖို့ EAOs တွေဆီမှာ ကျွန်ခံပြီး သူတို့ခိုင်းသမျှ လုပ်ရတယ်။

စခန်းတိုက်တော့လည်း ဗမာ PDF ငတုံးလေးတွေက ရှေ့ဆုံးက တိုက်ကြရတယ်။ မြို့တွေကို အကြမ်းဖက် လုပ်တော့လည်း ဗမာ PDF လေးတွေက နာမည်ပျက်ခံပြီး ရှေ့ဆုံးကလုပ်လို့ အမုန်းခံခဲ့ရတယ်။ EAOs ဆိုတဲ့ ကောင်တွေကတော့ အေးဆေးပဲ။ ဗမာ ငတုံးလေးတွေကို ရင်းပြီး မြို့/ရွာတွေ ရလာတော့ ဗမာ PDF တွေကို နေရာမပေးဘဲ ကန်ထုတ်ခဲ့ကြတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ မိအေး ၂ ခါ နာရသလိုပါပဲ။ သူပုန်သိမ်းထားတဲ့ဒေသတွေက ဒေသခံဗမာတွေကို မောင်းထုတ်တယ်၊ အကြောင်းမဲ့အကြမ်းဖက်သ-တ်တယ်၊ ဗမာပိုင် စည်းစိမ်ဥစ္စာတွေကို ခိုးယူဖျက်ဆီးခဲ့ကြတယ်။

အဆိုးဆုံးက ဗုဒ္ဓဘာသာရဲ့ ဘုရားစေတီတွေ၊ သာသနာအဆောက်အဦတွေ၊ ရဟန်းသံဃာတွေကို ဖျက်ဆီး သတ်ဖြတ်ကြတယ်။ ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဆိုတာ ဟုတ်ပါ့မလားလို့တောင် အတွေးဝင်မိတယ်။

ဒါတွေဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး.. ဗမာငတုံး PDF တွေကြောင့်ပဲ။ ဗမာလူငယ်အချို့ NUG ခိုင်းသမျှ လုပ်နေရင်တော့ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုတာ ကွယ်ပျောက်သွားလိမ့်မယ်ဆိုတဲ့ အသိတရားလေးရှိဖို့ လိုပါမယ်။
KT