ဒလနှင့် ပန်းဆိုးတန်းကူးပေးနေသည့် သင်္ဘောလက်မှတ်ခများ သုံးရာဖြစ်လာ

ရန်ကုန်တိုင်းအတွင်းရှိ ဒလ-ပန်းဆိုးတန်းသင်္ဘောလက်မှတ်ခစျေးနှုန်းအား စက်တင်ဘာ ၁ ရက် မှစတင်ကာ ၁၀၀ ကျပ် တိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။

ယခင်ကမူ ဒလ-ပန်းဆိုးတန်း သင်္ဘောလက်မှတ်ခ စျေးနှုန်းသည် နှစ်ရာကျပ်ဖြစ်ပြီး ယခု တစ်ရာကျပ် တိုးမြှင့်ကောက်ခံလာသောကြောင့် သုံးရာကျပ် ဖြစ်လာသည်။

“သုံးရာဖြစ်သွားပြီ။ သူတို့ စာကပ်ထားတယ်” ဟု အသုံးပြုစီးနင်းသူတစ်ဦးကလည်း ပြောသည်။

ဒလ-ပန်းဆိုးတန်း ပြေးဆွဲပေးသည့် ချယ်ရီသင်္ဘောများအား ဒလဆိပ်ကမ်းမှစတင်ထွက်ခွာချိန် နေ့စဥ်နံနက် ၅ နာရီ မှည ၆နာရီခွဲအထိ နေ့စဉ်သင်္ဘောခေါက်ရေ ၄၆ ခေါက် ပြေးဆွဲပေးနေကြောင်းသိရသည်။