-ဩဂုတ်လ ၂၉ ရက် ၁၀၀၀ နာရီတွင် ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုးမင်းဦး(၄၅)နှစ်နှင့် ဦးနန္ဒကျော်သူ(၃၇)နှစ်တို့ ၂ ဦးသည် ပုလောမြို့နယ်၊ အော်သာယာကျေးရွာရှိ တာဝါတိုင်သို့ ဆီဖြည့်ရန် ယာဉ်အမှတ်၊ 7L/L4073၊ Vigo(ခဲရောင်)ယာဉ်ဖြင့် ဒီဇယ်ဆီ ၂ ပေပါတင်ဆောင်၍ ပုလောမြို့မှ ပုလော – မြိတ်ပြည်ထောင်စုလမ်းအတိုင်း ထွက်ခွာလာစဉ် အော်သာယာကျေးရွာဘုန်ကြီးကျောင်း အနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်မှ ပဝတ်ကုန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။
-ဩဂုတ်လ ၂၉ ရက် ၁၇၃၀ နာရီတွင် ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာနေ ဦးမင်းမင်း(၄၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမင်းမင်းတွင် ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့။