မြတ်စွာဘုရားက…
လောကမှာ အရသာတွေထဲမှာ..
အကောင်းဆုံး အရသာဆိုတာ
ဝစီ သစ္စာကိုပြောတာပါ တဲ့။
အမှန်ပြောတာဟာ အရသာအရှိဆုံးပဲ။
ဘယ်တော့မှလည်း အမှန်ပြောရသည့်အတွက်အီ မသွားဘူး။
လိမ်တတ်တဲ့ ပုဂ္ဂိုလ်တွေကတော့
အမှန်ပြောချင်မှာ မဟုတ်ဘူးနော်။
ဒါဖြင့် တို့တစ်တွေဟာ ဘဝအရေးမှာ..
အကောင်းဆုံး အရသာကို စားဖို့လိုအပ်နေတယ်။
ဘယ်လိုတုန်းဆို မှန်ကန်တဲ့စကားကိုပြောပြီး သစ္စာဆိုမယ်ဆိုရင် …
ကိုယ်လိုချင်တာတွေ လုပ်လို့ရပါတယ်
စမ်းကြည့်ပေါ့
မဟုတ်တာတော့ မပါစေနဲ့
🙏🙏🙏
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ