မောင်ရွှေလေး ရေတပ်ကျသွားတယ်ဆိုတာ သတင်းအမှား

မောင်ရွှေလေး ရေတပ်စခန်းကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များနဲ့ တိုက်ခိုက်တာရှိတယ်

ဒါပေမယ့်ရေတပ်သင်္ဘောတွေရဲ့ အဆင့်မြင့်အာရုံခံစနစ်၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကြောင့် AA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ Heavy Drone ၈ စင်းအထိ ဖျက်ချနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

တန်ပြန်တိုက်ခိုက်မှုအနေနဲ့ရေတပ်သင်္ဘောတွေက AA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ တည်နေရာများ၊ ၎င်းတို့ ပုန်းအောင်းနေသောနေရာများသို့ တိကျစွာပစ်ခတ်နိုင်သော အဆင့်မြှင့်စနစ်များ တပ်ဆင်ထားသည့် လက်နက်တွေအသုံးပြုတိုက်ခိုက်လို့ အကြမ်းဖက် AA တွေ တော်တော်များများထိခိုက်တယ်လို့သိရတယ်။

ခိုင်မာတဲ့ ဒေသခံတစ်ဦးရဲ့ သတင်းပေးပို့မှုအရ AA ဗျူဟာမှူးအဆင့် တစ်ဦးအပါအဝင် အထိအခိုက်အကျအဆုံးများပြားလျက်ရှိပါတယ်။

လက်ရှိအချိန်ထိလည်း AA အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းရာနေရာများအား ရေတပ်သင်္ဘောများမှ အမြှောက်များ၊ လက်နက်ကြီးများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။

ဒါကြောင့် AA အကြမ်းဖက်များဟာ ထိခိုက်ကျဆုံးမှုများပြားလာတဲ့အတွက်ဆက်လက်တိုက်ခိုက်လိုခြင်းမရှိတော့ဘဲ စိတ်ဓာတ် ကျဆင်းနေတဲ့အတွက် ၎င်းတို့အကြမ်းဖက်အဖွဲ့များ စိတ်ဓာတ်တက်ကြွစေရန်နှင့် ပြည်သူလူထုအတွင်း ယုံမှားသံသယဖြစ်စေရန် ယခုလို မဟုတ်မမှန်သတင်းအမှားများကို အကြမ်းဖက်အားပေး မီဒီညာများမှ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ဝါဒဖြန့်လိမ်ညာရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။