ဩဂုတ်လ ၂၈ ရက် နံနက် ၈ နာရီခန့်က အရာတော်မြို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် လူနေရပ်ကွက်များအတွင်းသို့ Drop Bomb ချ တိုက်ခိုက်ရန်အတွက် အကြမ်းဖက်သမားများ ထိန်းချုပ်မောင်းနှင်လာသည့် Drone ၁ စီးအား ပစ်ချသိမ်းဆည်းရမိကြောင်း သိရပါသည်။

