သြဂုတ်လ ၂၅ ရက် ည ၈ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ (၂)လမ်း၌ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ လဲကျပြီး အောက်ရှိ ကတ္တီပါစကို မီးကူးစက်၍ မီးစွဲကာ နံဘေးရှိ နေအိမ်၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရပါတယ်
မီးလောင်မှုမှာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
နေအိမ်၂ လုံးနီးပါး မီးလောင်မှုကြောင့် ပေါ့ဆမီးဖြစ်ပွားစေသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးကို ဒေါပုံမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရပါတယ်