စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်လိုသူများ သိရှိစေရန်

၂ဝ၂၂ ခုနှစ်၌ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း) အောင်မြင်ခဲ့ သူများအနေနဲ့ သစ်တောလုပ်ငန်း (Forestry)သို့ လုပ်ငန်းပြောင်းရွှေ့ လုပ်ကိုင်နိုင်ကြောင်း POEA-EPS မှ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်

အလုပ်လျှောက်လွှာ တန်းစီဇယားသက်တမ်းသည် လက်ရှိစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း သက်တမ်းကုန်ဆုံးမည့်ရက်အထိဖြစ်ကြောင်း၊ လုပ်ငန်းပြောင်းရွှေ့လျှောက်ထားလိုသူများသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက် နံနက် ၉ နာရီမှ နေ့လယ် ၃ နာရီအတွင်း POEA ရုံးသို့ နိုင်ငံကူးလက်မှတ် (မူရင်းနှင့်မိတ္တူ)၊ စာမေးပွဲဖြေဆိုခွင့် အမှတ်စဉ်တင်ပြကာ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း ပြောပါတယ်

လက်ရှိတွင် HRD-Korea မှ ပေးပို့လာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ရှိသူ ၁၃၆၆ ဦး၏ အမည်စာရင်းနှင့် စာမေးပွဲဖြေဆိုခွင့်အမှတ်စဉ်များကိုပါ ပူးတွဲကြေညာပေးထားသည်။

#CrdMTnwes