လတ်တလောတိုက်ပွဲများတွင် ထိခိုက်၊ ကျဆုံး၊ ပျောက်ဆုံး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ အခက်အခဲများ ဖြေရှင်းပေးနိုင်ရန် ဖိတ်ခေါ်ခြင်း

တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးရှိ အရာရှိ/စစ်သည်၊ မိသားစုဝင်များအနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများ၊ လုပ်ငန်းအခက်အခဲများနှင့် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရ၊ ကျဆုံး၊ ပျောက်ဆုံးများနှင့်ပတ်သက်၍ မိမိတို့၏ရပိုင်ခွင့်၊ အကျိုးခံစားခွင့်များမရ ရှိခြင်း၊ ကြန့်ကြာခြင်း စသည့်အခက်အခဲများရှိပါက   ရဲဝံ့စွန့်စားပြည်ချစ်သား ရင်ဖွင့်လွှာကဏ္ဍ နှင့် Chat Box တို့တွင် လာရောက်အကူအညီ တောင်းခံနိုင်ပါသည်။

ရဲဝံ့စွန့်စားပြည်ချစ်သား အဖွဲ့သားများအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ရင်ဖွင့် ဆွေးနွေးချက်၊ သတင်းပို့တင်ပြချက်၊ အကြံပြုချက်များအား သက်ဆိုင်ရာအကြီးအကဲများထံ အဆင့်ဆင့်တင်ပြ၍ အရာရှိ/စစ်သည်၊ မိသားစုဝင်များ၏ အခက်အခဲများအား ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါသည်။

တပ်မတော်သား/မိသားစုဝင်များအနေဖြင့် ရဲဝံ့စွန့်စားပြည်ချစ်သား PCT Call Center၊  ဖုန်းနံပါတ် ၀၉-၆၆၈၆၄၀၆၁၁ သို့ ရုံးချိန်အတွင်းဆက်သွယ်၍ ဖုန်းဖြင့်သော်လည်းကောင်း၊ ရဲဝံ့စွန့်စားပြည်ချစ်သား PCT Website ရှိ Chat Box တွင် စာတိုလာရောက်ပေးပို့ခြင်းဖြင့် လည်းကောင်း လာရောက်တင်ပြနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။