ဒီနေ့ ညနေ ၄ နာရီချိန်အထိ ရရှိသောသတင်းများအရ မိုးမောက်မြို့နယ်၊ ၅ မိုင်နေရာ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF ၁၀၀ ဦးခန့်တို့ နေ့လည် ၁၁ နာရီအချိန်တွင် ထိတွေ့မှု (၁)ကြိမ်၊ နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက် ၃၀ ဦးတို့နှင့် (၁)ကြိမ်၊ စုစုပေါင်း ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်မှာ မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူဟာ ၎င်းတို့၏ အလောင်းများဆွဲယူ၍ ဆုတ်ခွာသွားခဲ့ပါတယ်။ ဖြစ်စဉ်နေရာအား ရှင်းလင်းရာ –
(၁) KIA/PDF အလောင်း ၂ လောင်း
(၂) M-22 သေနတ် ၃ လက် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
အလားတူ နေ့လည် ၂ နာရီခန့်မှာလည်း မိုးမောက်မြို့နယ်အတွင်းရှိ တပ်ဌာနချုပ်တစ်ခုအား အကြမ်းဖက် KIA/PDF အင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁) ကြိမ်၊ Drop Bomb ၁၀ လုံးဖြင့် (၁)ကြိမ်၊ စုစုပေါင်း ၂ ကြိမ် လာရောက်တိုက်ခိုက်သဖြင့် ကွန်မန်ဒိုစစ်ကြောင်း တစ်ခုဖြင့် ရန်သူအား သွားရောက်ရှင်းလင်းရာ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူမှာ မြောက်ဘက်အရပ်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ပါတယ်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) KIA/PDF အလောင်း ၂ လောင်း
(၂) Type-81 သေနတ် ၂ လက် တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။
ဩဂုတ်လ ဒုတိယအပတ်မှစတင်၍ အကြမ်းဖက် KIA သောင်းကျန်းသူများသည် မိုးမောက်မြို့နယ်ရှိ လူနေရပ်ကွက်များအား လက်နက်ကြီး/ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း၊ တပ်ဌာနချုပ်များအား အင်အား အလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများကို မကြာခဏပြုလုပ်နေသဖြင့် နယ်မြေခံတပ်များနှင့် အင်အားဖြည့်စစ်ကြောင်းများက မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြင်းထန်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။
အကြမ်းဖက် KIA အဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအချို့ သေဆုံး/ဒဏ်ရာရရှိမှုများ ရှိပြီး နယ်မြေ ခံတပ်များက ဆေးဝါးကုသပေးလျက်ရှိပါတယ်။ မိုးမောက်မြို့နယ်အား လာရောက်တိုက်ခိုက်သော အကြမ်းဖက်သောင်းကျန်းသူများအား နယ်မြေရှင်းစစ်ကြောင်းများဖြင့် လိုက်လံရှင်းလင်းခြင်း၊ အမြောက်နှင့် လေကြောင်းပစ်ကူများ ထိရောက်စွာချေမှုန်းနိုင်ခြင်းတို့ကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အကြိမ်ကြိမ် လန်ကျ ဆုတ်ခွာထွက်ပြေးသွားကြပါတယ်။