” ကိုယ့်အတွက် အားကိုးရာ “
ချမ်းသာလေလေ မာန်တွေကြွကြွ
ဆင်းရဲလေလေ သံဝေဂ ရတဲ့
ဒါကတော့ယေဘူယျ အမှန်တရားတစ်ခု
ဖြစ်မှာပါ
ချမ်းသာတဲ့သူတိုင်းလည်းမာန်ကြွသူများ
မဟုတ်လောက်သလို
ဆင်းရဲတဲ့ သူတိုင်းလည်းသံဝေဂရသူများ
မဟုတ်ကြပါဘူး…
တစ်ချို့ ချမ်းသာပြီးအလှူရေစက်လက်နဲ့
မကွာ ပြုနေသူများ ရှိသလို
တစ်ချို့ ဆင်းရဲပြီး… သံဝေဂ မရသူများ
လည်း ဒု နဲ့ ဒေး ပါ
ချမ်းသာလာရင်…
ချမ်းသာသူများ သတိထားသင့် တာက
ပစ္စည်း ဥစ္စာနဲ့ ငါနဲ့ဟာ မခွဲစတမ်း အမြဲ
တမ်း အတူရှိနေမှာ မဟုတ်ဘူး
ပစ္စည်းကလည်းငါ့ကိုအရင်စွန့် သွားနိုင်
သလို….
ငါကလည်းပစ္စည်း ကိုအရင်စွန့်ချင် စွန့်
သွားရနိုင်တယ်
ငါ အရင်က ကောင်းခဲ့လို့ အခု ကောင်း
နေတာ
အခု ကောင်းရင် နောင်လည်းကောင်းမှာ
ပဲလို့နှလုံးသွင်းဆင်ခြင်ပြီး….
ကုသိုလ် ကောင်းမှုတွေကို
တိုး၍တိုး၍သာပြုလုပ်သွားသင့်ပါတယ်
မာန် မာနဆိုတာဟာ
လူအများရဲ့ ချစ်ဆေး မဟုတ်ပါဘူး
မုန်းဆေးပါ
ဒါကြောင့်
မာန်မာန တရားတွေကိုလည်းနှိမ့်ချ ပေး
သင့်ပါတယ်…
ဆင်းရဲတဲ့ သူတွေ အနေနဲ့လည်းဆင်းရဲ
တာကို
စိတ်ဓာတ်ကျစိတ်ပျက်နေလို့ဘာမှအကျိုး
ထူးမှာ မဟုတ်ပါဘူး
အခု ငါဆင်းရဲတာဟာအတိတ်ကကုသိုလ်
မျိုးစေ့မချခဲ့လို့ဆင်းရဲတာ….
နောင်ကိုဘယ်တော့မှမဆင်းရဲစေရဘူးလို့
ဆုံးဖြတ်ပြီး
ဒါန သီလ ဘာဝနာ ဆိုတဲ့ကုသိုလ် အလုပ်
တွေကို ကြိုးကြိုးစားစား ပြုလုပ်သင့်ပါ
တယ်
နိဗ္ဗာန် ချမ်းသာကို မရမချင်း
ကိုယ်ပြုထားတဲ့ ကုသိုလ် တရားများ
ကသာ
ကိုယ့်အတွက်အားကိုးရာ အစစ်ဖြစ်ပါတယ် 🌷🙏🙏🙏🌷
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒာမာလာဘိဝံသ