ဩဂုတ် ၂၃ ရက်နေ့ ညအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တောင်ခမ်းမြို့နယ်ရှိ နားရှိုကျေးရွာသို့ သတင်းအရ နယ်မြေရှင်းလင်းနေသောစစ်ကြောင်းနှင့် အကြမ်းဖက် TNLA ၇၀ ဦးခန့်တို့ ဘုန်းကြီးကျောင်းအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) TNLA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။