တောင်ပိုင်းသား ရခိုင်သတင်းပေးတွေကတော့ တာဝန်ကျေသလို ဧရာဝတီတိုင်းသားတွေကလည်း လက်သံပြောင်မြောက်လှပေတယ်။ တောင်ပိုင်းက ရခိုင်လူမျိုးတွေက အကြမ်းဖက် AA အဖွဲ့ကို လက်မခံဘူး။ AA တွေ စုဝေးနေတဲ့နေရာတွေကို တပ်မတော်ကို အမြဲမပြတ် သတင်းပေးတယ်။ အဲဒါကြောင့် ကျိန္တလီဘက်မှာ အကြမ်းဖက် AA တွေ အလောင်းမကောက်နိုင်ဘဲထွက်ပြေး ရတာ များလှတယ်။ အခုဆိုရင် ကျိန္တလီဘက်မှာ တပ်က သိမ်းဆည်းရမိတဲ့ အကြမ်းဖက်AA သူပုန်အလောင်း တွေ ၆၀ ကျော်ပြီ။ ဒါတောင် လူမသိ/ သူမသိဆွဲပြေးသွားတာတွေ အများကြီးရှိသလို လက်နက်ကြီးမှန်လို့ တစ်စဆီဖြစ်ပြီး အလောင်းမကျန်တဲ့သူပုန်တွေ အများကြီးပါပဲ။စိတ်မကောင်းစရာတစ်ခုက တပ်မတော်ကသိမ်းဆည်းရရှိခဲ့တဲ့ အလောင်းတွေထဲမှာ အကြမ်းဖက် AA အဖွဲ့အနေနဲ့ အကြောက်တရားနဲ့ အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ ကလေးသူပုန် AA အလောင်းတွေ အများ ကြီးပါလာတာပါပဲ။
စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုပဲ။ နောက်ဆိုရင် ရခိုင်တွေ မျိုးဆက်ပြတ်သွားနိုင်လောက်အောင် အန္တရာယ်ကြီးလှပါတယ်။
KT