ဩဂုတ်(၁၈)ရက်၊ ညနေ (၄)နာရီခွဲတွင်မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ (၂၇) လမ်း၊ (၆၅) လမ်းနှင့် (၆၆) လမ်းကြားရှိ ဒေါ်စန္ဒာ (၅၈) နှစ် (ဘ) ဦးစန်းမောင်၏ နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲမှ လုံခြုံရေးတပ်ဖွဲဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသိုရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အတွင်း Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ Yanlong (၂၈) နှစ်ပါ တရုတ်နိုင်ငံသား အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြိုနယ်၊ ထွမ်ဆန်းရွာနေ ရဲမြင့် (၂၀)နှစ် (ဘ) ဦးယောက်စွတ်ပါ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၆) ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။