ဩဂုတ်လ ၁၄ ရက် (ယနေ့) ညနေပိုင်းက သီပေါမြို့နယ်မှာရှိတဲ့ တပ်ဌာနချုပ်တစ်ခုကို လာရောက်တိုက်ခိုက်တဲ့ အကြမ်းဖက် TNLA အဖွဲ့တွေ ထိခိုက်ကျဆုံးမှုများစွာနဲ့ ၎င်းတို့အလောင်းတွေ ဆွဲပြေးပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက် TNLA အဖွဲ့တွေဟာ အဆိုပါတပ်ကို လာရောက်သွေးထိုးစမ်းပစ်ခတ်နေတာ ၂ ရက်လောက် ရှိပြီဖြစ်ပြီး ဒီနေ့မှာ အလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်တာကြောင့် ထိရောက်တဲ့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ ယူပြီး တပ်မတော်သားများရဲ့ ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့မှုကြောင့် –
(၁) TNLA အရာရှိအဆင့်အပါ အလောင်း ၇ လောင်း
(၂) လက်နက်မျိုးစုံ ၅ လက်
- RPG ၁ လက်
- M-16 သေနတ် ၂ လက်
- M-22 သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။
ဆုတ်ခွာရန်သူနောက်သို့ လိုက်လံရှင်းလင်းနေဆဲဖြစ်ပြီး အလောင်း/လက်နက်တွေ ထပ်တိုးလာနိုင်ပါတယ်။