ရှမ်းပြည်နယ်၊ မိုင်းတုံမြိုနယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ သြဂုတ် ၁၅ ရက်နံနက်အစောပိုင်းက မိုင်းတုံ-တာဆန်းသွားကားလမ်း ၏ လမ်းပိုင်းတစ်နေရာ၌ (၁၀)ပေခန့်ပြိုကျသွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
မိုင်းတုံမြိုနယ်အတွင်း ယမန်နေ့ သြဂုတ် ၁၄ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းကာ နမ့်တုံချောင်းရေမြင့်တက်ခဲ့သဖြင့် မိုင်းတုံ-တာဆန်းသွားလမ်း၏ တံတာအမှတ် ၅/၂၃၅ အနီးရှိကားလမ်းမှာ ရေတိုက်စားမှုကြောင့် (၁၀)ပေခန့်ပြိုကျသွားခဲ့ကြောင်း သိရှိရပါသည်။